October 17, 2019

အနာဂါတ်မျှော်မှန်းချက်

အနာဂါတ်မျှော်မှန်းချက်

မယ်တော်ဆေးခန်းသည် အရည်အသွေး ပြည့်ဝ၍ တက်စွမ်းနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး ၀န်ဆောင်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကာကွယ် စောင့်ရှောက်မှုတို့ကို မြန်မာပြည် သားတိုင်း လက်လှမ်းမီ ရရှိနိုင်ရန် မျှော်မှန်းချက် ထားရှိပါသည်။

ဦးတည်ချက်

မယ်တော်ဆေးခန်းသည် လူထုအခြေပြု လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထိုင်း – မြန်မာ နယ်စပ်ဒေသ တစ်လျှောက်နှင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသရှိ ထိခိုက် အန္တရာယ် ကျရောက်လွယ်သော လူမှု အသိုင်းအဝိုင်းများ၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ လူထုများအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစနစ်၊ ပညာရေးနှင့် ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများပေးခြင်းနှင့် လှုံ့ဆော် စည်းရုံးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးပါသည်။
မယ်တော်ဆေးခန်းမှ ဤလူထုများ၏ လိုအပ်ချက်များနှင့် လူအခွင့်အရေးတို့ကို ပြီးပြည့်စုံသော ဝန်ဆောင်မှု အစီအစဉ်များပေးရင်း ဒေသအဆင့်၊ နိုင်ငံတော်အဆင့်၊ နိုင်ငံတကာအဆင့်၊ နိုင်ငံတော် အစိုးရ၏ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သော ချဉ်းကပ်မှုမျိုးဖြင့် ကြိုးပမ်းလုပ်ဆောင်ပေးပါသည်။

စံတန်ဖိုးထားမှုများ

– ဒေသခံပြည်သူလူထု၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းမှု၊
– သာတူညီမျှမှုရှိမှု၊
– မတူကွဲပြားခြင်းများကို တစ်စုတစ်စည်းတည်း ဖြစ်စေမှု၊
– ပုံစံမျိုးစုံသော အခြေအနေတို့နှင့် လိုက်လျှောညီထွေ ဖြစ်စေမှု၊
– အပြန်အလှန် ရိုသေလေးစားမှု၊
– ခွဲခြားဆက်ဆံခြင်း ကင်းမဲ့မှု၊