ကျန်းမာရေး စနစ် တောင့်တင်းခိုင်မာစေရေး စီမံကိန်းသည် မြန်မာပြည် အရှေ့ခြမ်းဒေသတွင် ကျန်းမာရေးစနစ် တောင့်တင်း ခိုင်မာလာစေရန်အတွက် ဆောင်ရွက် နေကြသော တိုင်းရင်းသားနှင့် လူထုအခြေပြု ကျန်းမာရေး အဖွဲ့ အစည်းများမှ ပူးပေါင်း ချိတ်ဆက် လုပ်ဆောင် နေကြခြင်း ဖြစ်သည်။ အန္တရာယ် ကျရောက်လွယ်သော လူထုနှင့် ရွှေပြောင်း လူထုများအတွက် သာတူညီမျှစွာဖြင့် မရှိမဖြစ် လိုအပ်သော ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ မြန်မာတစ်နိုင်ငံလုံး ရရှိစေရန်အတွက် လှုံ့ဆော် တိုက်တွန်းနေသော အဖွဲ့လည်း ဖြစ်သည်။
ရည်မှန်းချက်ပန်းတိုင်များ
၁။ မြန်မာပြည်အရှေ့ခြမ်းရှိ ဝေးလံခေါင်သီသော၊ ပဋိပက္ခများဒဏ်များ ခံစားခဲ့ရသော မြန်မာပြည်သား ဒုက္ခ သည်များ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြည်တွင်းစစ်ပြေးရှောင်များ – အထူးသဖြင့် အမျိုးသမီးများနှင့် ကလေး သူငယ်များ၏ ကျန်းမာရေးအခြေအနေသည် အမြဲတိုးတက်ကောင်းမွန်လာနေသော လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ခိုင်မာစွာ လက်လှမ်းမှီစေခြင်းအားဖြင့် ယင်းပြည်သူတို့၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်လာစေရန်။
၂။ ကျန်းမာရေးဆိုင်ရန်စံညွန်းများ အထူးသဖြင့်မိခင်သေဆုံးမှုအချိုုး ၊ ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းနှင့် မွေးကင်းစကလေး သေဆုံးမှုနှုန်းတို့ တိုးတက်ကောင်းမွန်လာစေရန်။
၃။ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရတို့ အကြား ဆွေးနွေးဆက်ဆံမှု တိုးတက်ကောင်းမွန်လာစေရန်။
ကျွန်ပ်တို့ဦးတည်ဆောင်ရွက်သောလုပ်ငန်းများ
ကျန်းမာရေးစနစ်တောင့်တင်းခိုင်မာစေရေးစီမံကိန်းသည် မြန်မာပြည်တဝှမ်းရှိ အန္တရာယ်ကျရောက်လွယ်သော၊ ရွှေ့ပြောင်း နေထိုင်နေရသော ပြည်သူများအတွက် သာတူညီမျှသော၊ မရှိမဖြစ်လိုအပ်သော ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု ၀န်ဆောင်မှုများ ရရှိနုင်စေရန်အတွက် တိုက်တွန်းအားပေးနေသည့် တိုင်းရင်းသားနှင့် လူထုအခြေပြု ကျန်းမာရေးအဖွဲ့အစည်းများမှ ပူးပေါင်း ကွန်ယက်ပြု ဆောင်ရွက်ကြခြင်း ဖြစ်သည်။ ကျန်းမာစနစ် တောင့်တင့်ခိုင်မာစေရေး စီမံကိန်းသည် ဒေသတွင်းရှိ ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပြီးပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြစ်သည်။
အောက်ခြေသို့အာဏာ ဖြန့်ဝေခြင်း၊ ရှိရင်းစွဲ့ တိုင်းရင်းသားနှင့် လူထုအခြေပြု ကျန်းမာရေး အဖွဲ့ အစည်းများအား တရားဝင် အသိအမှတ်ပြုခြင်းနှင့် ဖက်ဒရယ် ပြည်ထောင်စု ကျန်းမာရေးစနစ်တွင် အရေးပါသော အစိတ်အပိုင်းအဖြစ် ထားရှိပေးခြင်း အစရှိသည်တို့ဖြင့် ကျန်းမာရေးစနစ် တိုးတက် ကောင်းမွန်လာရန်အတွက် ဦးတည် ဆောင်ရွက်နေကြခြင်းဖြစ်သည်။
ကျွန်ုပ်တို့၏ ယုံကြည် မျှော်မှန်းချက်
ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတွင် မရှိဆင်းရဲသူများနှင့် အန္တရာယ် ကျရောက်လွယ်သော ပြည်သူများကို အကာအကွယ်ပေးနိုင်သည့် ဘက်ပေါင်းစုံမှ လွှမ်းခြုံမှုရှိသော ကျန်းမာရေးဝန်ဆောင်မှုများသည် ညီတူညီမျှ ရရှိခံစားခွင့်ရှိသော၊ လက်လှမ်းမီနိုင်မှု၊ သာတူညီမျှရှိမှု၊ အရည်အသွေး ပြည့်ဝမှု ရှိသော ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများရှိစေရမည်။
စီမံကိန်း ပုံစံ
ဤစီမံကိန်း၏ ပုံစံမှာ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ကျန်းမာရေးစနစ် ဒေါက်တိုင် (၆)ခု ပုံစံအပေါ်တွင် အခြေခံထားသည်။ (အောက်ပါ ခလုပ်များကို နှိပ်၍ အသေးစိတ် ဖတ်ရှုနိုင်ပါသည်။)
၂၀၁၆ – ၂၀၁၉ ခုနှစ်တို့အတွက် နည်းဗျူဟာ ဆိုင်ရာ အစီအမံများကို ရေးဆွဲထားပြီး ဖြစ်သည်။ ယင်း နည်းဗျူဟာတို့ကို အခြေခံပြီး လုပ်ဆောင်ရန် စီမံချက်များနှင့် လုပ်ငန်းဆိုင်ရာ စီမံချက်များကိုလည်း ရေးဆွဲထားသည်။
ကျန်းမာရေး ၀န်ဆောင်မှုများကို အဖွဲ့အစည်းအလိုက် ဆောင်ရွက်ပေးခြင်းထက်၊ ဒေသအလိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ သို့မှသာ ပြီးပြည့်စုံသော လွှမ်းခြုံမှုရှိပြီး အုပ်ချုပ်မှုဆိုင်ရာ ရေရှည် ထင်သာမြင်သာရှိခြင်း၊ ပိုမို ကောင်းမွန်သော တာဝန်ယူမှု ရှိခြင်းတို့ ဖြစ်ပေါ်စေမည် ဖြစ်သည်။
Download MTC’s Health System Strengthening Strategic Plan 2016-2019 here