October 18, 2019

ကျန်းမာရေး

 

မယ်တော်ဆေးခန်းသည် လူနာအမြောက်အမြားကို မရှိမဖြစ်လိုအပ်သော ပဏာမကျန်းမာစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိသည်။ ဤလူနာများမှ မြန်မာနိုင်ငံတွင်သော်လည်းကောင်၊ ထိုင်းနိုင်ငံတွင် သော်လည်းကောင်းဆေးဝါးကုသမှု ခံယူရန် တတ်နိုင်သူများ မဟုတ်ကြပေ။ ကျွန်ုပ်ယုံကြည်မျှော်မှန်းချက်မှာလည်း မြန်မာပြည်သားအားလုံးအတွက် အရည်အသွေးပြည့်ဝစွာဖြင့် တတ်စွမ်းနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဖြည့်ဆည်းပေးရန်ပင် ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွက် အဓိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ နည်းဗျူဟာများ

 

၂၀၁၃ ခုနှစ်မှ စတင်၍ အတွင်းလူနာနှင့် ပြင်ပလူနာ အရေအတွက် အဆက်မပြက် ကျဆင်းခဲ့ရသည်။ ဤကဲ့သို့ လူနာအရေအတွက် ကျဆင်းလာရခြင်းမှာ မယ်တော်ဆေးခန်း ပါ၀င်ဆောင်ရွက်နေသော ကျန်းမာရေးစနစ် တောင့်တင်းခိုင်မာစေရေး စီမံကိန်း၏ ပမာဏ ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်း အရေအတွက် တိုးတက်များပြားလာပြီး နယ်စပ်ဒေသ တလျှောက်နှင့် မြန်မာပြည် အရှေ့ခြမ်း ဒေသများတွ
င် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပိုမို လက်လှမ်းမီလာကြ သောကြောင့် ဖြစ်သည်။

ထို့အပြင် ထိုင်းအစိုးရမှ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် စည်းမျဉ်း စည်းကမ်းများ ပိုမိုတင်းကြပ်လိုက်သည့်အတွက်လည်း နယ်စပ်ဖြတ်ကျော်ရန်နှင့် ထိုင်းနိုင်ငံအတွင်း ခရီး သွားလာနိုင်ရန်အတွက် ပိုမို အခက်တွေ့စေသည်။ တချိန်တည်းမှာပင် ရွှေ့ပြောင်း အလုပ်သမားများမှ အလုပ်လုပ်ခွင့် လက်မှတ်များ ပိုမိုရရှိလာသည့်အတွက် ကျန်မာရေး အာမခံချက် ရရှိမှုမှာလည်း ပိုမို များပြားလာခဲ့သည်။

မယ်တော်ဆေးခန်း အနေဖြင့် တိုင်ပင်ဆွေးနွေး ကုသမှုပေါင်း ၉၈ ရ၆၂ ကြိမ် ၀န်ဆောင်မှုပေးခဲ့သည်။ ယင်းတို့အနက် ရ ၃၁၄ ဦးမှာ ရောဂါ သက်မှတ်ရန်နှင့် ဆေးဝါးကုသမှု ခံယူနိုင်ရန်အတို့အတွက် အတွင်း လူနာအဖြစ် တက်ရောက်ကုသခဲ့ကြသည်။ ၆၁% မှာ အမျိုးသမီးများ ဖြစ်ကြပြီး၂၅% မှာ အသက် (၅) နှစ်အောက် ကလေးများ ဖြစ်ကြသည်။ ထို့အပြင် ၆၁% သော လူနာများမှာ ထိုင်းနိုင်ငံတွင် နေထိုင်သူများ ဖြစ်ကြသည်။

မယ်တော်ဆေးခန်း အတွင်းလူနာဆောင်များ၏ လမ်းတလျှောက်

နောက်ဆုံးပြင်ဆင်သည်။ (သြဂုတ်လ ၁၉ ရက် ၊ ၂၀၁၉ ခုနှစ်)