October 16, 2019

ကလေးကာကွယ်စောင့်ရှောက်ရေး

ကလေးကာကွယ်စောင့်ရှောက်ရေးဌာန၏ အဓိကဦးတည်လုပ်ငန်းများမှာ မယ်တော်ဆေးခန်းနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများသည် ကလေးသူငယ်များ၏ အခြေခံ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်မှုပေးနိုင်ရန် အတွက်ဖြစ်သည်။ ကလေးမွေးစာရင်းရရှိရန် ကူညီပေးခြင်း၊ ရွှေ့ပြောင်းနေရသော ကလေးများအတွက် တရားဝင် အထောက်အထားများရရှိရန် ကူညီပေးခြင်း၊ ကျောင်းသားများအား လစဉ် ရိက္ခာခြောက်များအပါအဝင် နေထိုင်ရန်ဘော်ဒါဆောင်များကူညီပေးခြင်း။ မိသားစုဝင်များအား စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများပေးခြင်းနှင့် ဆေးခန်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစီမံချက်များကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုပေးခြင်းနှင့် ပြန်လည်သုံးသပ်ပေးခြင်းများသည် ကလေးကာကွယ်စောင့်ရှောက်ရေး အသင်းသားများ၏ တာဝန်သာဖြစ်ပါသည်။

ရိက္ခာခြောက်များပံ့ပိုးပေးခြင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်

ကလေးများက အစားအစာများ ရယူတန်းစီနေစဉ်

မြန်မာပြည်၏ နိမ့်ပါးသော စီးပွားရေးအခြေအနေများနှင့် ပညာရေး အခြေခံ အဆောက်အဦများ မရှိခြင်းများကြောင့် ကျောင်းသားများသည် မိမိတို့ မွေးရပ်မြို့များကို စွန့်ခွာ၍ ပညာရေးနှင့် ကာကွယ်စောင့်ရှောက်မှုရရှိနိုင်သော ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ရောက်ရှိလာကြသည်။ လူငယ်များအတွက် ဘော်ဒါဆောင်များသည် ပညာရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများကို ရရှိနိုင်သော နေရာဖြစ်သည်။
မြန်မာပြည်၏ နိမ့်ပါးသော စီးပွားရေးအခြေအနေများနှင့် ပညာရေးပံ့ပိုးပေးမှု မရှိခြင်းများကြောင့် ကျောင်းသားများသည် မွေးရပ်မြို့များကို စွန့်ခွာ၍ ပညာရေးနှင့် ကာကွယ်စောင့်ရှောက်မှုရရှိနိုင်သော ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ရောက်ရှိလာကြသည်။ ကျောင်းသားများအတွက် ဘော်ဒါဆောင်များသည် ကလေးများအား ပညာရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများကို လက်လှမ်းမီ ရရှိနိုင်သော နေရာဖြစ်သည်။
မယ်တော်ဆေးခန်းသည် ရေရှည်တည်တံ့ခိုုင်မြဲရေးအတွက် အချို့သော စီမံချက်များကို ပြည်တွင်းစီမံချက်များအဖြစ် ပြောင်းလဲ၍ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့်အတူ ဆောင်ရွက်နေပြီ ဖြစ်သည်။ မြန်မာပြည်၏ တိုးတက်လာသော နိုင်ငံရေးအခြေအနေများနှင့်အတူ အလှူရှင်ကြီးများအတွက် ဒေသခံ အဖွဲ့အစည်းများနှင့် တိုက်ရိုက်လုပ်ကိုင် ဆောင်ရွက်သွားနိုင်ရန် ပိုမို လွယ်ကူလာပါသည်။ ပြည်တွင်းရွှေ့ပြောင်းပြည်သူများအတွက် ဘော်ဒါဆောင် ၁၂ ဆောင်ကို ကရင်ပြည်နယ်ရှိ ကရင်ပြည်နယ် ဘော်ဒါဆောင်များ ပူးပေါင်းတာဝန်ယူ လုပ်ဆောင်သော အဖွဲ့သို့ လက်ဆင့်ကမ်းပြောင်းလဲပေးနိုင်ခဲ့သည်။ ပါဟိုက်ရှိ မူကြိုကျောင်းကိုလည်း ကရင်ပြည်နယ်တွင်းရှိ ကရင်အမျိုးသမီးအစည်းအရုံးလက်အောက်ရှိ ကလေးများ၏ အစောပိုင်းကာလ ဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်သို့ ပြောင်းလဲတာဝန်ယူရန် လက်ဆင့်ကမ်းပေးနိုင်ခဲ့သည်။

ကလေးမွေးစာရင်း

ကလေးမွေးစာရင်းလုပ်ပြီးနောက် မိဘနှစ်ပါးက ကလေးကို ပွေ့ချီထားလျက် ကလေးမွေးစာရင်းကို ကိုင်ထားစဉ်

မွေးစကလေးများအတွက် မွေးစာရင်းများ လျှောက်ပေးခြင်းကို မယ်တော်ဆေးခန်းရှိ ကလေး ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အောက်တွင် ဆက်လက်လုပ်ဆောင်ပေးလျက်ရှိပါသည်။ ၂၀၁၇ ခုနှစ်တွင် ကလေးပေါင်း (၁၉၂၇) ဦးသည် ထိုင်းအာဏာပိုင်မှထုတ်ပေးသော ကလေးမွေးစာရင်းများကို ရရှိကြပြီး ယင်းကလေးများသည် ရွှေ့ပြောင်းအလုပ်သမား၏ ကလေးများဖြစ်ပြီး သူတို့၏ ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုများ ရရှိခွင့်ကို ဤမွေးစာရင်းဖြင့် လက်လှမ်းမီနိုင်ပါသည်။ ၂၀၁၅ ခုနှစ်မှစတင်၍ ထိုင်းမွေးစာရင်းရှိသော ကလေးများအား ထို်င်းကျန်းမာရေးနှင့် ပညာရေးဌာနမှ ကျန်းမာရေးအာမခံနှင့် ပညာရေးပံ့ပိုးမှုများ ရရှိခွင့်ကို ခွင့်ပြုထားပါသည်။
၂၀၁၇ ခုနှစ် သြဂုတ်လတွင် လူထုအခြေပြုအဖွဲ့အစည်း များအကြား မွေးစာရင်းနှင့်ဆိုင်သော ဥပဒေများကို ကောင်းစွာ နည်းလည်စေရန်နှင့် ယင်းဥပဒေနှင့်အညီ ဆောင်ရွက်သွားနိုင်ရန်အတွက် မဲဆောက်မွေးစာရင်းပူးပေါင်းလုပ်ဆောင်သောကွန်ယက်အဖွဲ့ (MSBRNT) ကို ဖွဲစည်းပြီးလိုက်သည်။ (MSBRNT) အဖွဲ့သည် မဲဆောက်ရှိ မွေးစာရင်းလက်မှတ်ထုတ်ပေးသည့် အဖွဲ့နှင့်ဆက်စပ်၍ ကျန်ရှိနေသေးသည့် အခက်အခဲ စိန်ခေါ်မှုများ တင်ပြခြင်းနှင့် ရွှေ့ပြောင်းဒေသရှိကလေးများ တရားဝင်မွေးစာရင်းလက်မှတ်ရရှိရေး၊ အကာအကွယ် ရရှိရေးတို့ကို ပိုမိုသေချာအောင် လုပ်ဆောင်ပေးနေသည်။

ကလေးကာကွယ်စောင့်ရှောက်ရေးဌာန၏ ကလေးများလွှဲပြောင်းပေးသည့်စနစ်

ကလေးကာကွယ်စောင့်ရှောက်ရေးဝန်ထမ်းမှ မြန်မာပြည်ရှိ ဆရာ/မများကို ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒသင်တန်းပို့ချပေးနေစဉ်

ကလေး ကာကွယ် စောင့်ရှောက်ရေးဌာန၏ ကလေးလွှဲပြောင်းပေးသောစနစ်အောက်တွင် သံသယရှိသော ကလေးညှင်းပန်းနှိပ်စက်မှုများကို သက်ဆိုင်ရာလူမှုရေး ပံ့ပိုးမှုများပေးသော အဖွဲ့အစည်းများထံသို့ လွှဲပြောင်းပို့ဆောင်ပေးပါသည်။ အမျိုးအမီးများနှင့် ကလေးကာကွယ် စောင့်ရှောက် ပေးနိုင်ရန် အတွက် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကလေးညှင်းပန်းနှိပ်စက်မှုများပြဿနာများကို ပူးပေါင်းစီမံလုပ်ဆောင်ပေးသော ကွန်ယှက်အဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းထားပါသည်။ ၂၀၁၇ ခုနှစ်တွင် ကလေး ကာကွယ်စောင့်ရှောက်ရေးနှင့် လွှဲပြောင်းလုပ်ဆောင်သော စနစ်အောက်ရှိ ပူးပေါင်းလုပ်ဆောင်သောကွန်ယှက်အောက်တွင် စုစုပေါင်း ၄၈ မှုကို ၂၀၁၇ ခုနှစ်တွင် လွှဲပြောင်းကာကွယ် စောင့်ရှောက်နိုင်ခဲ့ပါသည်။ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု ၁၂ ဦး၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းမှု ၁၀ ဦး၊ လျစ်လျူရှုခံရမှု ၁၈ ဦးနှင့် အမြတ်ထုတ်ခံရမှု ၁ ဦးတို့ကို လွှဲပြောင်းပေးနိုင်ခဲ့ပါသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်သော ပူးပေါင်းလုပ်ဆောင်မှု ကွန်ယှက်အောက်မှ အမျိုးအမီး ၁၂ ဦးကို ကုသမှုများ ပေးခဲ့ပါသည်။ ထိုနှစ်မှာပင် ကလေး ၁၉ ဦးလွှဲပြောင်းပေးနိုင်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသော အမျိုးသမီး ၂ ဦးတို့အားလည်း ဆေးဘက်ဆိုင်ရာ စဉ်ဆက်မပြတ် ကုသမှုနှင့် ဥပဒေ အထောက်အကုူရရှိရေးကို ဖော်ထုတ်ကူညီပေးနိုင်ခဲ့သည်။
မယ်တော်ဆေးခန်းသည် ကလေး ကာကွယ် စောင့်ရှောက်ရေး ဌာနသည် ၂၀၁၄ ခုနှစ် သြဂုတ်လကတည်းကပင် လုပ်ငန်းခွင်တွင်း ကလေးကာကွယ်စောင့်ရှာက်ရေးဆိုင်ရာ သင်တန်းများနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အမှုပြသနာများကို စီမံခြင်းပုံစံများ (ICPP)ကို ကျောင်းဆရာ၊မများနှင့် ဘော်ဒါ အဆောင်မှူးများအား သင်တန်းပို့ချပေးခြင်း ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။ အထူးအလေးပေးရမည့် အစိတ်အပိုင်းများကို သိသာစေရန်အတွက်လည်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အမှုပြသနာများကို စီမံခြင်းပုံစံများ (ICPP)ကို အသုံးပြုသည်။ လူထုလုပ်အားပေးလုပ်သားများသင်တန်း၊ ဝန်ထမ်းများအားလုပ်ငန်းခွင် မိတ်ဆက်ပေးသော အလုပ်ရုံဆွေးနွေးပွဲ၊ လူထုကျန်းမာရေးလုပ်သားသင်တန်း တို့တွင်လည်း ICPP ကို ထည့်သွင်းပို့ချပေးသည်။ ထို့အပြင် ICPP ကျင့်ဝတ်စည်းကမ်းများနှင့် လိုက်နာ စောင့်စည်းရမည့် အချက်များကိုလည်း မယ်တော်ဆေးခန်း၏ ဝန်ထမ်းများလက်စွဲစာအုပ်တွင် ထည့်သွင်းဖော်ပြထားပြီး ဖြစ်ပါသည်။ ကလေးများ အခွင်အရေးနှင့် ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာတို့ကို သိရှိသတိပြုမိစေရန်နှင့် ကလေးသူငယ် ကြည့်ရှူ စောင့်ရှောက်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများကိုလည်း ပို့ချပေးခဲ့သည်။ ၂၀၁၇ တွင် ကလေးများနှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေသည့် သင်တန်းကို ကျောင်းသား ၁၀၁ ဦးကို သင်ကြားပို့ချပေးနိုင်ခဲ့ပြီး၊ နေ့ကလေးထိန်း ဝန်ထမ်းများကိုလည်း ၈ ရက်ကြာ သင်တန်းများ အသီးသီး ပို့ချပေးပြီး ဖြစ်သည်။

နောက်ဆုံးပြင်ဆင်သည်။ (အောက်တိုဘာလ ၂၄ ရက် ၊ ၂၀၁၈ ခုနှစ်)