October 15, 2019

ကလေးသူငယ်ကွယ်စောင့်ရှောက်ရေးနှင့်ပညာရေး

မယ်တော်ဆေးခန်းသည် ရိုးရှင်းသော ကျန်းမာရေးဝန်ဆောင်မှုများ လုပ်ဆောင်ပေးသည့် အဖွဲ့အစည်းအဖြစ် စတင်ပေါ်ပေါက်လာခဲ့သော်လည်း နောက်ပိုင်းတွင် ဒုက္ခသည်များ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် အခြားအိုးအိမ်မဲ့ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ မြန်မာပြည်သားများအတွက် လူမှုရေးလုပ်ငန်းများ ခြုံငုံ ၀န်ဆောင်မှုပေးသည့်အဖွဲ့အစည်းအဖြစ် ဆင့်ကဲ ဖြစ်ပေါ်လာခဲ့ပါသည်။

ကလေးသူငယ်ကွယ်စောင့်ရှောက်ရေးနှင့်ပညာရေးအကြောင်း ခြုံငုံဖော်ပြချက်

ကျောင်းသား/သူများ စီဒီစီကျောင်း၏ ပျော်ပွဲရွှင်ပွဲအခမ်းအနားတစ်ခုတွင် ပျော်ပျော်ရွှင်ရွှင်ဖြင့် မြင်တွေ့ရစဉ်

မယ်တော်ဆေးခန်းသည် ရိုးရှင်းသော ကျန်းမာရေးဝန်ဆောင်မှုများ လုပ်ဆောင်ပေးသည့် အဖွဲ့အစည်းအဖြစ် စတင်ပေါ်ပေါက်လာခဲ့သော်လည်း နောက်ပိုင်းတွင် ဒုက္ခသည်များ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် အခြားအိုးအိမ်မဲ့ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ မြန်မာပြည်သားများအတွက် လူမှုရေးလုပ်ငန်းများ ခြုံငုံ ၀န်ဆောင်မှုပေးသည့်အဖွဲ့အစည်းအဖြစ် ဆင့်ကဲ ဖြစ်ပေါ်လာခဲ့ပါသည်။ ဤလုပ်ငန်းများဝန်ဆောင်မှုပေးရာ အချက်အခြာ ဗဟိုဌာန အနေဖြင့် ကလေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း လိုအပ်ချက်သည်လည်း လျင်မြန်စွာ ကြီးမားလာခဲ့သည်ကို တွေ့ရှိရသည်။ မြန်မာပြည် အရှေ့ဘက်ခြမ်း ဝန်ဆောင်မှုများ၏ ယိုယွင်းပျက်စီးမှုများ ကြီးမားလာသည်နှင့်အမျှ ရွှေ့ပြောင်းအလုပ်သမားမိသားစုဝင် လူဦးရေမှာလည်း တစ်စထက် တစ်စ တိုးတက်များပြားလာပါသည်။ဤအချက်သည်ပင်လျှင် ကျွနု်ပ်တို့၏ ၀န်ဆောင်မှု လုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လိုအပ်လာနေကြောင်း ထောက်ပြနေပါသည်။

မယ်တော်ဆေးခန်းမှ ပံ့ပိုးလုပ်ဆောင်သော ဝန်ဆောင်မှုများသည် လူထု အခြေပြုလုပ်ငန်းများ ဖြစ်ကြပြီး လူထုကိုယ်တိုင် စီမံဆောင်ရွက်ကြခြင်း ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ အားကောင်းသော အရပ်ဖက် လူ့အဖွဲ့အစည်းကွန်ယက်တစ်ခု ဖြစ်ပေါ်လာစေရန်၊ ကလေးသူငယ်များကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပေးခြင်း ပေးနိုင်ရန်နှင့် လူငယ်များအတွက် အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုများကို အားပေး ပံ့ပိုးပေးရန် ဖြစ်ပါသည်။ မယ်တော်ဆေးခန်းသည် အခြေခံအကျဆုံး သယ်ယူထောက်ပံ့မှု လုပ်ငန်းများမှ အစ မူဝါဒရေးရာနှင့် စည်းရုံးရေးကိစ္စများ အထိ ဒေသခံ မိတ်ဖက် လူထုအခြေပြု အဖွဲ့အစည်းများဖြင့် အတူအကွ ပူးပေါင်းလုပ်ဆောင်သည်။
ကျွန်ုပ်တို့၏ ကလေးများအတွက် အစီအစဉ်များ၏ ရည်ရွယ်ချက်မှာ ပညာရေးတစ်ခုတည်းအတွက်သာ မဟုတ်ပေ။ အားကောင်းသော လူမှု ကွန်ယှက်လုပ်ငန်းများဖြင့် တည်ဆောက်ထားသည့် အသိုင်းအဝိုင်းတစ်ခု ဖွံ့ဖြိုးပေါ်ပေါက်လာစေရန်နှင့် ဒေသတွင်းရေရှည်တည်တံ့သော ဝန်ဆောင်မှုလုပ်ငန်းများအဖြစ် ရပ်တည်နိုင်စေရန်အတွက်ကိုလည်း ရည်ရွယ်ပါသည်။ ဤကဲ့သို့ ကျယ်ပြန့်သော ရည်ရွယ်ချက်ကို အထောက်အကူပြုနိုင်ရန်အတွက် လူထု စုပေါင်းလုပ်ကိုင်ကြသော စီမံကိန်း အမျိုးမျိုးနှင့် စည်းဝေးတိုင်ပင်မှုများကို တစ်စုတစ်စည်းထဲ ဖြစ်စေရန် ဆောင်ရွက်ပေးပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ရနိုင်သမျှသော အရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးပြုနိုင်ပြီး၊ ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများကိုလည်း ပိုမိုအားကောင်း လာစေပါသည်။
မြောက်များစွာသော မြန်မာပြည်သားများ၊ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုများသည် မြန်မာပြည်တွင်း ဆက်လက်ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကြောင့် မဲဆောက်မြို့သိုု့ ရောက်ရှိလာကြသည်။ လူဦးရေ မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများနှင့် မိသားစုဝင် ၁၅၀ ၀၀၀ ခန့်သည် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်နှင့် ဖို့ဖရပ်မြို့များတွင် နေထိုင်ကြသည်ဟု ခန့်မှန်းကြပါသည်။ (ရွှေ့ပြောင်း အလုပ်သမား အများစုမှာ ထိုင်းအစိုးရထံတွင် မှတ်ပုံတင်ထားခြင်း မရှိသဖြင့် အရေအတွက်ခန့်မှန်းနိုင်ရန် ခက်ခဲနိုင်ပါသည်။) ဤမိသားစုဝင်များ၏ ကလေးများသည် ပညာရေး၊ နေထိုင်ရန်အိမ်နှင့် အခြေခံလူ့အခွင့်အရေး မရရှိနိုင်မှုများ အပါအဝင် ကျန်းမာ၍ သာယာဝပြောသော အနာဂါတ် ဘဝများကို ပိုင်ဆိုင်နိုင်ရေးအတွက် မရေမတွက်နိုင်သော အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။
ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်း ပထမအဆင့်တွင် ကျန်းမာရေး၊ အစားအစာနှင့် နေရာထိုင်ခင်းအပါအဝင် ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာ အခြေခံလိုအပ်ချက်များကို ပုံမှန်ပံ့ပိုးပေးပါသည်။ ဒုတိယအဆင့်တွင် ပညာရေး၊ အလုပ်အကိုင်ဆိုင်ရာ အရေးပါသည့် သင်ရိုးညွန်းတမ်းများ နှင့်အတူ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လေ့ကျင့် သင်ကြားမှုများ ပါ၀င်သည်။ တတိယအဆင့်တွင်မူ ကလေးမွေးစာရင်းမှတ်ပုံတင်ပေးခြင်းများ၊ ကလေးကာကွယ်စောင့်ရှောက်ရေး မူဝါဒများနှင့် ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးခြင်းများ အစရှိသည့် ကာကွယ်ပေးနို်င်ရေးလုပ်ငန်းများဆိုင်ရာ အခြေခံ အဆောက်အဦ ခိုင်မာလာစေရေးအတွက် အတွက် လိုအပ်သော အခြေခံ လုပ်ဆောင်မှုများ ပါ၀င်သည်။

ကလေးချီထားသော မိဘများအား မွေးစာရင်းလက်မှတ်နှင့်အတူ တွေ့ရစဉ်

၁၉၉၅ ခုနှစ်မှ စတင်၍ မယ်တော်ဆေးခန်းသည် မဲဆောက်တွင် နေထိုင်သည့် မြန်မာပြည်သား ကလေးများအား ပညာရေးဝန်ဆောင်မှုများ ပေးခဲ့သည်။ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး စီမံချက်သည် လိုအပ်ချက်အခြေအနေအရ အဆင်ပြေသလို စတင်ခဲ့ရသော စီမံချက် ဖြစ်သည်။ ယင်းအခြေအနေမှ ပြီးပြည့်စုံသော၊ ရှုထောင့်ပေါင်းစုံပါ၀င်သော စီမံချက်အဖြစ် တိုးတက်ပြောင်းလဲ လာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးပြင်ဆင်သည်။ (နိုဝင်ဘာလ ၁၅ ရက် ၊ ၂၀၁၈ ခုနှစ်)