Blog

Zerif supports a custom frontpage

၂၀၁ဒေါက်တာစင်သီယာမောင်

၂၈ နို၀င်ဘာ ၂၀၀၈ ထိုင်းနိုင်ငံ Nation Media Group မှ ကမကထပြု၍ လူထုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူများအား အမိမြေကိုယ်စားအလုပ်လုပ်သူများဆုကို ယခုနှစ်မှစပြီး ချီးမြှင့်ရာ တာ့ခ်ခရိုင်အတွက် ဆုရှင်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်အား ရွေးချယ်လိုက်သည်။ အဆိုပါဆုသည် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက် တိုင်းပြည်သို့ မိန့်ကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်ကို ဂုဏ်ပြုသောအားဖြင့် ချီးမြှင့်သည့်ဆုဖြစ်ပြီး ထိုင်းနိုင်ငံ (၇၆) ခရိုင်တွင် ခရိုင်တခု လျှင် တယောက်နှုန်းဖြင့် လူထုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူ (၇၆) ဦးအား အမိမြေကိုယ်စားအ လုပ်လုပ်သူများ ဆုကို ယခုနှစ်မှစတင်၍ ပေးအပ်မည်ဖြစ်သည်။ ထိုင်းဘုရင်မင်းမြတ် မိန့်ကြားခဲ့သည့်မိန့်ခွန်းတွင် “လူတိုင်းလူတိုင်း ကောင်းတာတွေ လုပ်ကြဖို့၊ လူတယောက် ကောင်းမယ်ဆိုရင် လူမှုအသိုင်းအဝိုင်းတခုလုံးကို အများကြီး Read more about ၂၀၁ဒေါက်တာစင်သီယာမောင်[…]

၂၀၁၆ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူစွမ်းကောင်းဆု ဒေါက်တာစင်သီယာမောင် ချီးမြှင့်ခံရ

  ချင်းမိုင်၊ နိုဝင်ဘာ ၁၇ ။             ။ ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်ကို နိုင်ငံတကာ ပရဟိတအဖွဲ့ တစ်ဖွဲ့ဖြစ်သော (AidEx) အဖွဲ့က ၂၀၁၆ ခုနှစ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူစွမ်းကောင်းဆု ချီးမြှင့်လိုက်သည်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်မြို့တွင် ဗုဒ္ဒဟူးနေ့က AidEx က ဆုပေးပွဲ အခမ်းအနား ကျင်းပ၍ ဒေါက်တာစင်သီယာမောင်ကို ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာ စင်သီယာမောင်ကို ကိုယ်ကျိုးမဖက် လူထုအကျိုးပြု စေတနာ့လုပ်ငန်းများကို စွမ်းစွမ်းတမံ လုပ်ဆောင်နေမှုများအတွက် AidEx အဖွဲ့က ဆုပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဆုချီးမြှင့်လိုက်ချိန်တွင် ဒေါက်တာ စင်သီယာမောင်က သွားရောက် လက်ခံယူနိုင်ခြင်းမရှိဘဲ မယ်တော်ဆေးခန်း၏ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများနှင့် Read more about ၂၀၁၆ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူစွမ်းကောင်းဆု ဒေါက်တာစင်သီယာမောင် ချီးမြှင့်ခံရ[…]

ဒေါက်တာစင်သီယာမောင် N-Peace ငြိမ်းချမ်းရေးဆုရရှိ

By နော်နိုရင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဌာနက ချီးမြှင့်တဲ့ N-Peace Awards ငြိမ်းချမ်းရေးဆုကို မြန်မာနိုင်ငံက ဒေါက်တာစင်သီယာမောင်အပါအဝင် အာရှပစိဖိတ်ဒေသနိုင်ငံတွေက အမျိုးသမီး ရ ဦး ရရှိသွားပါတယ်။ ဒေါက်တာစင်သီယာမောင်ဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်က သိန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေနဲ့စစ်ပြေးဒုက္ခသည်တွေကို မဲဆောက်မြို့မှာ မယ်တော် ဆေးခန်းဖွင့်လှစ်ကာ နှစ်ပေါင်း ၃၀လောက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် N-Peace Awards ငြိမ်းချမ်းရေးဆုကို ဒေါက်တာ စင်သီယာမောင်နဲ့ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန်၊ ဖိလိပိုင်နိုင်ငံတို့က ငြိမ်းချမ်းရေး လှုပ်ရှားသူတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး ကြိုးပမ်းအားထုတ်သူ ၁၀ ဦးကို ရွေးချယ် ချီးမြှင့်ပေးခဲ့တာပါ။ ဒီဆုကို ၂၀၁၄ Read more about ဒေါက်တာစင်သီယာမောင် N-Peace ငြိမ်းချမ်းရေးဆုရရှိ[…]

ဝါရှင်တန်တက္ကသိုလ်၏ ROUX ဆု ဒေါက်တာ စင်သီယာမောင်အား ချီးမြှင့်

        အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် Seattle မြို့၊ Washington တက္ကသိုလ်မှ ၂ဝ၁၈ ခုနှစ်အတွက် ပေးအပ်သည့် Roux Prize (ဆု)ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ရှိ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်အား စက်တင်ဘာ ၂၆ ရက် (ယမန်နေ့)က ချီးမြှင့်လိုက်ကြောင်း သိရသည်။ ဒေါက်တာ စင်သီယာမောင်သည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းနေထိုင်သူများနှင့် မြန်မာနိုင်ငံအနှံ့ အပြားမှ ကျန်းမာရေး လာရောက်ပြသသူများကို မဲဆောက်မြို့တွင် မယ်တော်ဆေးခန်းကို ဖွင့်လှစ်ကာ ဆေးကုသမှုပေးရာတွင် ကျန်းမာရေးဆိုင်ရာသတင်းအချက်လက်စီမံခန့်ခွဲခြင်း ရလဒ်ကောင်းမွန်မှုအပေါ်အခြေခံပြီး ဆုချီးမြှင့်ခံရခြင်းဖြစ်သည်ဟု ဆေးခန်း၏ စီမံခန့်ခွဲမှု လက်ထောက်ဒါရိုက်တာ နော်အဲနီက ပြောသည်။ ၎င်းက “ကျန်းမာရေးနဲ့ဆိုင်တဲ့ သတင်းအချက်အလက် စီမံခန့်ခွဲမှုရလဒ်ကြောင့် ဆရာမကို ဆုပေးတာပေါ့နော်။ ကျန်းမာရေး ကဏ္ဍတွေ Read more about ဝါရှင်တန်တက္ကသိုလ်၏ ROUX ဆု ဒေါက်တာ စင်သီယာမောင်အား ချီးမြှင့်[…]

ဒေါက်တာစင်သီယာမောင် လူ့အခွင့်အရေးဆုရ

ဒေါက်တာစင်သီယာမောင် လူ့အခွင့်အရေးဆုရ By ဧရာဝတီ 10 March 2017 ကမ္ဘာ့ နှစ်ခြင်းခရစ်ယာန် ဘာသာရေးအဖွဲ့ (Baptist World Alliance – BWA) အဖွဲ့က ထိုင်း-မြန်မာ နယ်စပ်တွင် ဒုက္ခသည်များကို နှစ်ပေါင်း ၃၀ နီးပါး ဆေးဝါးကုသစောင့် ရှောက်မှု ပေးနေသည့် ဒေါက်တာစင်သီယာမောင်အား၂၀၁၇ ခုနှစ် အတွက် Denton and Janice Lotz လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်သည်။ အဆိုပါ ဆုမှာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု အတွက် ထူးထူးခြားခြား စွမ်းဆောင်နိုုင်သူများ အား ပေးအပ်သည့် ဆု ဖြစ်ပြီး၊၂၀၀၆ ခုနှစ်မှ စကာ နှစ်စဉ် ပေးအပ်သည့် ဆုဖြစ်သည်။ ယင်းဆုကိုလာမည့် ဇူလိုင် ၂ Read more about ဒေါက်တာစင်သီယာမောင် လူ့အခွင့်အရေးဆုရ[…]

ဒေါက်တာစင်သီယာမောင်အား တောင်ကိုရီးယား အိုင်အယ်လ်ဂျီအေဖောင်ဒေးရှင်း ဆုချီးမြှင့်

By ငြိမ်းငြိမ်းပြည့် on Saturday, September 5, 2015 – 23:41 ထိုင်းနယ်စပ်တွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့်  ဒုက္ခသည်များကို  ဆေးကုသမှုပေး နေသော မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီ ယာမောင်အား ၎င်း၏လုပ်ဆောင် ချက်များအတွက် တောင်ကိုရီး ယား အိုင်အယ်လ်ဂျီအေ ဖောင် ဒေးရှင်းက စက်တင်ဘာ ၅ ရက် ၌ ဂုဏ်ပြုဆုပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ သက်ဆိုင်ရာ နယ်ပယ်အ လိုက် ပြောင်မြောက်စွာ ဆောင် ရွက်နေသူ အာရှသားများအား အိုင်အယ်လ်ဂျီအေဖောင်ဒေးရှင်းက နှစ်စဉ်ဆုများ ပေးအပ်လျက်ရှိ သည်။ အသက်(၅၆)နှစ်အရွယ် ဒေါက်တာစင်သီယာမောင်ကို မြန်မာနိုင်ငံ၏ အလေးစားရဆုံး နာမည်ကျော်လူထုအကျိုးဆောင် ရွက်သူ နှစ်ဦးအနက် တစ်ဦးအ ဖြစ် ကိုရီးယားတိုင်းမ် သတင်းဌာနက သတ်မှတ်ဖော်ပြခဲ့ကာ အခြား Read more about ဒေါက်တာစင်သီယာမောင်အား တောင်ကိုရီးယား အိုင်အယ်လ်ဂျီအေဖောင်ဒေးရှင်း ဆုချီးမြှင့်[…]