
ထိုင်းနယ်စပ်တွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များကို ဆေးကုသမှုပေး နေသော မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီ ယာမောင်အား ၎င်း၏လုပ်ဆောင် ချက်များအတွက် တောင်ကိုရီး ယား အိုင်အယ်လ်ဂျီအေ ဖောင် ဒေးရှင်းက စက်တင်ဘာ ၅ ရက် ၌ ဂုဏ်ပြုဆုပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဆိုင်ရာ နယ်ပယ်အ လိုက် ပြောင်မြောက်စွာ ဆောင် ရွက်နေသူ အာရှသားများအား အိုင်အယ်လ်ဂျီအေဖောင်ဒေးရှင်းက နှစ်စဉ်ဆုများ ပေးအပ်လျက်ရှိ သည်။ အသက်(၅၆)နှစ်အရွယ် ဒေါက်တာစင်သီယာမောင်ကို မြန်မာနိုင်ငံ၏ အလေးစားရဆုံး နာမည်ကျော်လူထုအကျိုးဆောင် ရွက်သူ နှစ်ဦးအနက် တစ်ဦးအ ဖြစ် ကိုရီးယားတိုင်းမ် သတင်းဌာနက သတ်မှတ်ဖော်ပြခဲ့ကာ အခြား တစ်ဦးမှာ ဒေါ်အောင်ဆန်းစု ကြည် ဖြစ်သည်။
ယခု အိုင်အယ်လ်ဂျီအေ ဖောင်ဒေးရှင်းဆုကို လက်ခံယူ ရန် တောင်ကိုရီးယားသို့ ရောက်ရှိ နေစဉ်အတွင်း Ajou တက္ကသိုလ်၊ Yonsei တက္ကသိုလ်နှင့် Ewha Womans တက္ကသိုလ်တို့တွင် ‘‘မြန်မာနိုင်ငံအရှေ့ပိုင်းရှိ ရွှေ့ ပြောင်းမှု၊ လုံခြုံရေးနှင့် ကျန်းမာ ရေး’’ဆိုသည့် ခေါင်းစဉ်ဖြင့် ဟော ပြောရန်ရှိကြောင်း သိရသည်။
ဒေါက်တာစင်သီယာမောင် သည် ၂၀၀၅ နိုဗယ်ငြိမ်းချမ်းရေး ဆုအတွက် အမည်စာရင်းတင် သွင်းခံခဲ့ရသူ တစ်ဦးဖြစ်သည်။ နယ်စပ်ဒေသတွင် ၎င်း၏ကျန်းမာ ရေးစောင့်ရှောက်မှု၊ ပညာရေးကူ ညီမှုနှင့် လူသားချင်းစာနာထောက် ထားသော အားထုတ်ကြိုးပမ်းမှု များကြောင့် ၂၀၀၂ ရာမွန် မက် ဆိုင်းဆိုင်းဆု၊ ၂၀၁၃ ဆစ်ဒနီငြိမ်း ချမ်းရေးဖောင်ဒေးရှင်း ဆုတို့ အပါအဝင် နိုင်ငံတကာဆုပေါင်း ၂၀ ကျော် ဂုဏ်ပြုခံထားရသူ လည်း ဖြစ်သည်။
၁၉၈၈ ဒီမိုကရေစီ အရေး တော်ပုံဖြစ်ပွားပြီး နောက်တစ်နှစ် အကြာမှစ၍ ဒုက္ခသည်များအား ကယ်ဆယ်ကုသရန် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့စွန်တွင် မယ်တော်ဆေးခန်းကို ဖွင့်လှစ်ခဲ့ခြင်း မှာ ၎င်း၏ အထင်ရှားဆုံးလုပ် ဆောင်ချက်တစ်ခုဖြစ်သည်။
Source : https://7daydaily.com/story/45773