၂၀၁ဒေါက်တာစင်သီယာမောင်

၂၈ နို၀င်ဘာ ၂၀၀၈

ထိုင်းနိုင်ငံ Nation Media Group မှ ကမကထပြု၍ လူထုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူများအား အမိမြေကိုယ်စားအလုပ်လုပ်သူများဆုကို ယခုနှစ်မှစပြီး ချီးမြှင့်ရာ တာ့ခ်ခရိုင်အတွက် ဆုရှင်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်အား ရွေးချယ်လိုက်သည်။

အဆိုပါဆုသည် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက် တိုင်းပြည်သို့ မိန့်ကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်ကို ဂုဏ်ပြုသောအားဖြင့် ချီးမြှင့်သည့်ဆုဖြစ်ပြီး ထိုင်းနိုင်ငံ (၇၆) ခရိုင်တွင် ခရိုင်တခု လျှင် တယောက်နှုန်းဖြင့် လူထုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူ (၇၆) ဦးအား အမိမြေကိုယ်စားအ လုပ်လုပ်သူများ ဆုကို ယခုနှစ်မှစတင်၍ ပေးအပ်မည်ဖြစ်သည်။

ထိုင်းဘုရင်မင်းမြတ် မိန့်ကြားခဲ့သည့်မိန့်ခွန်းတွင် “လူတိုင်းလူတိုင်း ကောင်းတာတွေ လုပ်ကြဖို့၊ လူတယောက် ကောင်းမယ်ဆိုရင် လူမှုအသိုင်းအဝိုင်းတခုလုံးကို အများကြီး အကျိုးရှိစေတယ်” ဟု မိန့်ကြားခဲ့သည်ကို လေး စားဂုဏ်ပြုသောအားဖြင့် နိုင်ငံအတွက် လူတော်လူကောင်းများ ထပ်မံပေါ်ပေါက်လာစေရေး ရည်ရွယ်ချက် ဖြင့် ယခုဆုအား ချီးမြှင့်ပေးအပ်ရခြင်းဖြစ်ကြောင်း Nation Media Group ၏ကြေညာချက်တွင် ဖော်ပြထား သည်။

ဆုချီးမြှင့်ခြင်းခံရသူ ဒေါက်တာ စင်သီယာမောင်က “ထိုင်းနိုင်ငံမှာနေတာ နှစ် (၂၀) ရှိပါပြီ။ ထိုင်းနိုင်ငံသားမ ဟုတ်ပေမယ့် ထိုင်းကအသိအမှတ်ပြုပြီး ဒီဆုကိုပေးတာဖြစ်တယ်။ ကျမတို့ရဲ့ လုပ်ဆောင်ချက်တွေကို လူမျိုး ခွဲခြားမှုမရှိဘဲ အသိအမှတ်ပြုအားပေးတဲ့အတွက် ထိုင်းနဲ့မြန်မာ လူထုတွေ ပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည် မှုတွေ ပိုပြီးရလာမယ်၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်မှုတွေ အပြန်အလှန် တိုးတက်လာမယ်လို့ မြင်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ထိုင်းတနိုင်ငံလုံး ယခုဆုရရှိသူ (၇၆) ဦးတွင် သံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့် လူထုအကျိုးပြုလုပ် ဆောင်သူများကို အဓိကထား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရွေးချယ်ခံရသူများထဲတွင် ဒေါက်တာစင်သီယာ မောင် အပါအဝင် နိုင်ငံခြားသား (၃) ဦးပါရှိသည်။ ဆုရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းများအရ ထိုင်းနိုင်ငံ သားများဖြစ်ရမည်ဆိုသော်လည်း အသက် (၁၅) နှစ်အထက် ထိုင်းနိုင်ငံတွင် အနည်းဆုံး (၅) နေထိုင်သည့် လူထုအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသားများလည်း အကျုံးဝင်သည်။

ဆုပေးပွဲအခမ်းအနားကို လာမည့် ဒီဇင်ဘာလ (၁၁) ရက်နေ့၌ ဘန်ကောက်မြို့တွင် ကျင်းပမည်ဖြစ်ပြီး ဆုရရှိ သူများအား ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက်၏ ဘုရင့်အကြံပေးကောင်စီ ဥက္ကဋ္ဌ အငြိ်မ်းစား ဗိုလ်ချုပ်ကြီး ပရင်မ်တင်လဆူနွန်ဒ်က ဆုချီးမြှင့်ပေးမည်ဖြစ်သည်။ ဒေါက်တာစင်သီယာမောင်သည် ယခုရရှိ မည့် ဆုအပါအဝင် နိုင်ငံတကာမှ ချီးမြှင့်ထားသည့် ဆုပေါင်း (၁၅) ဆုရရှိထားပြီးဖြစ်သည်။ ယခုရရှိသည့် အမိမြေကိုယ်စား အလုပ်လုပ်သူများ ဆုသည် ဆရာမ စင်သီယာမောင် ထိုင်းနိုင်ငံတွင် နေထိုင်သည့် အနှစ် (၂၀) ကာလအတွင်း ထိုင်းနိုင်ငံမှပေးအပ်သည့် ပထမဆုံးဆုဖြစ်သည်။

၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီအရေးတော်ပုံအား စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းပြီး အာဏာသိမ်းလိုက်သည့် နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသူများထဲတွင် ဒေါက်တာ စင်ဒီယာမောင် လည်း အပါအဝင်ဖြစ်ပြီး ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလတွင် လူ (၆) ဦးဖြင့် လက်ရှိမယ်တော်ဆေးခန်းအား စတင်တည်ထောင်ခဲ့သည်။ လူ (၆) ဦးဖြင့် စခဲ့သည့် မယ်တော်ဆေးခန်းသည် ယခုအခါ အထူးသဖြင့် ထိုင်းနိုင်ငံတွင်း အလုပ်လာလုပ်ကြသည့် မြန်မာအလုပ်သမားများနှင့် ဒေသအတွင်းရောက် မြန်မာဒုက္ခသည်များအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင် နေ့စဉ်လူနာ (၃၀၀) ခန့်အား ဆေးဝါးကုသပေးလျက်ရှိသည်။ ယခုအခါဆေးခန်းတွင် ဖျားနာဆောင်၊ ခွဲစိတ်ဆောင်၊ သားဖွားခန်း၊ သွေးလှူဌာန၊ မျက်စိဌာနနှင့် ခြေတုလက်တု တပ်ဆင်ရေးဌာနများဖွင့်လှစ်ထားပြီး နေ့စဉ် ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိသည်။

အထူးသဖြင့် မြန်မာစစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပန်းမှုအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့ကြသည့် ဒုက္ခသည်များ၊ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် ထိုင်းနိုင်ငံနယ်စပ်များတွင် လာရောက်အလုပ်လုပ် ကိုင်ကြသည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ ကျန်းမာရေးအတွက် မယ်တော်ဆေးခန်းကို အဓိကအား ကိုးအားထား ပြုကြသည်။

Source : https://parsethan.wordpress.com/2008/12/01/%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%80%85%E1%80%84%E1%80%B9%E1%80%9E%E1%80%AE%E1%80%9A%E1%80%AC%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9/

Leave a Reply

Your email address will not be published. Required fields are marked *