ဒေါက်တာစင်သီယာမောင် N-Peace ငြိမ်းချမ်းရေးဆုရရှိ

By နော်နိုရင်း

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဌာနက ချီးမြှင့်တဲ့ N-Peace Awards ငြိမ်းချမ်းရေးဆုကို မြန်မာနိုင်ငံက ဒေါက်တာစင်သီယာမောင်အပါအဝင် အာရှပစိဖိတ်ဒေသနိုင်ငံတွေက အမျိုးသမီး ရ ဦး ရရှိသွားပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်က သိန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေနဲ့စစ်ပြေးဒုက္ခသည်တွေကို မဲဆောက်မြို့မှာ မယ်တော် ဆေးခန်းဖွင့်လှစ်ကာ နှစ်ပေါင်း ၃၀လောက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် N-Peace Awards ငြိမ်းချမ်းရေးဆုကို ဒေါက်တာ စင်သီယာမောင်နဲ့ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန်၊ ဖိလိပိုင်နိုင်ငံတို့က ငြိမ်းချမ်းရေး လှုပ်ရှားသူတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး ကြိုးပမ်းအားထုတ်သူ ၁၀ ဦးကို ရွေးချယ် ချီးမြှင့်ပေးခဲ့တာပါ။

ဒီဆုကို ၂၀၁၄ ခုနှစ်ကလည်း မြန်မာနိုင်ငံက နော်အုန်းလှနဲ့ မသန္တာတို့ ဦးဆောင်ပါဝင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်အဖွဲ့နဲ့ တဦးချင်းဆုအဖြစ် နိုင်ငံရေးအကျဉ်းသူဟောင်း မဝေဝေနုနဲ့ တိုင်းရင်းသားအရေးလှုပ်ရှားသူ မွန်အမျိုးသမီး မိခင်ခင်ကြူတို့ ရရှိခဲ့ပါတယ်။

N-Peace Award ဆုကို ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ၂၀၁၁ ခုနှစ်ကစလို့ နှစ်စဉ် ချီးမြှင့်လာတာဖြစ်ပါတယ်။

Source : http://burmese.dvb.no/archives/302143

Leave a Reply

Your email address will not be published. Required fields are marked *