ဝန်ဆောင်မှုလုပ်ငန်းများ
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့်ပညာရေး
မယ်တော်ဆေးခန်းသည် ရိုးရှင်းသော ကျန်းမာရေးဝန်ဆောင်မှုများ လုပ်ဆောင်ပေးသည့် အဖွဲ့အစည်းအဖြစ် စတင်ပေါ်ပေါက်လာခဲ့သော်လည်း နောက်ပိုင်းတွင် ဒုက္ခသည်များ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် အခြားအိုးအိမ်မဲ့ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ မြန်မာပြည်သားများအတွက် လူမှုရေးလုပ်ငန်းများ ခြုံငုံ ၀န်ဆောင်မှုပေးသည့်အဖွဲ့အစည်းအဖြစ် ဆင့်ကဲ ဖြစ်ပေါ်လာခဲ့ပါသည်။
ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ
ထိုင်းဖြစ်စေ၊မြန်မာပြည်၌ဖြစ်စေ ကျန်းမာရေးစောင့်ရှောက်မှုအဖိုးအခပေးရန် မတတ်နိုင်သောသူများအတွက် အဓိကထား၍ လုပ်ဆောင်ပေးပါသည်။ ကျွနု်ပ်တို့၏ လုပ်ငန်းမှာ အရည်အ သွေးပြည့်မှီသောကျန်းမာရေးစောင့်ရှောက်မှုနှင့် လူတိုင်းလက်လှမ်းမှီနိုင်သောကျန်းမာရေးစောင့်ရှောက်မှုတို့သည် မြန်မာပြည်မှ လာသောသူများအတွက် ရည်ရွယ်ပါသည်။
သင်တန်းများ
မယ်တော်ဆေးခန်းသည် ထိုင်း – မြန်မာနယ်စပ်ဒေသနှင့် မြန်မာပြည်အရှေ့ပိုင်းရှိ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့ အစည်းများအတွက် ကျန်းမာရေးလုပ်သားများကို လေ့ကျင့်သင်ကြား ပေးနေသော သင်တန်းဌာနလည်းဖြစ်ပါသည်။ ကျန်းမာရေး လုပ်သားများကို ကျွမ်းကျင် သင်တန်းဆရာ / ဆရာမများနှင့် မြန်မာ ဆရာဝန်များ၊ ၀ါရင့် ဆေးမှုများ၊ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ ပါ၀င်သော နည်းပညာပိုင်းဆိုင်ရာ အတိုင်ပင်ခံများမှ ကျန်းမာရေးလုပ်သားများကို အကောင်းဆုံး လေ့ကျင့်သင်ကြားပေးနိုင်ခဲပါသည်။
ကျန်းမာရေးစနစ်မြှင့်တင်ရေး အစီအစဉ်
ကျန်းမာရေး စနစ် တောင့်တင်းခိုင်မာစေရေး စီမံကိန်းသည် မြန်မာပြည် အရှေ့ခြမ်းဒေသတွင် ကျန်းမာရေးစနစ် တောင့်တင်း ခိုင်မာလာစေရန်အတွက် ဆောင်ရွက် နေကြသော တိုင်းရင်းသားနှင့် လူထုအခြေပြု ကျန်းမာရေး အဖွဲ့ အစည်းများမှ ပူးပေါင်း ချိတ်ဆက် လုပ်ဆောင် နေကြခြင်း ဖြစ်သည်။
ကျွန်ုပ်တို့၏အကြောင်း
မယ်တော်ဆေးခန်းသည် လူနာအမြောက်အမြားကို မရှိမဖြစ်လိုအပ်သော ပဏာမကျန်းမာစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိသည်။ ဤလူနာများမှ မြန်မာနိုင်ငံတွင်သော်လည်းကောင်၊ ထိုင်းနိုင်ငံတွင် သော်လည်းကောင်းဆေးဝါးကုသမှု ခံယူရန် တတ်နိုင်သူများ မဟုတ်ကြပေ။ ကျွန်ုပ်ယုံကြည်မျှော်မှန်းချက်မှာလည်း မြန်မာပြည်သားအားလုံးအတွက် အရည်အသွေးပြည့်ဝစွာဖြင့် တတ်စွမ်းနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဖြည့်ဆည်းပေးရန်ပင် ဖြစ်သည်။
98 762
7 314
1 651
850